တောင်ငူ ၇ မေ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စုနှင့် နဂါးမောက်ကျေးရွာအုပ်စုများ အတွင်းရှိ ကျေးရွာအချို့တွင် အပူချိန်မြင့်မားပြီး သောက်သုံးရေအခက်အခဲများဖြစ်ပေါ်နေကြောင်း သတင်းများရရှိသဖြင့် တောင်ငူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုဝါထွေးနှင့်ဝန်ထမ်းများက ရေဂါလန် ၁၀ဝဝ ဆံ့ ဌာနပိုင်ယာဉ်ဖြင့် မေ ၆ ရက်နေ့ နံနက်ပိုင်းက ဆိတ်ဖူးတောင် ကျေးရွာအုပ်စု၊ စပါးလင်ကုန်းကျေးရွာသို့ ရေဂါလန် ၂၀ဝဝ၊ ၅မိုင်ကျေးရွာသို့ ရေဂါလန် ၂၀ဝဝ၊ နဂါးမောက်ကျေးရွာအုပ်စု၊ ကျောက်ပါးစပ်ကျေးရွာသို့ ရေဂါလန် ၂၀ဝဝ ပို့ဆောင်ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။
ကိုလွင်(ဆွာ)


