မင်းဘူး  ၂၂  ဖေဖော်ဝါရီ 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊  ငဖဲနှင့် စေတုတ္တရာ မြို့နယ်တို့ရှိ ကျေးရွာ ၉၆၃ တွင် နွေရာသီကာလ သောက်သုံးရေရှားပါး ပြတ်လပ်မှုဖြစ်ပေါ်ပါက ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့ကျေးရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်မှ သောက်သုံးရေ ရရယူသုံးစွဲနေသော ရေအရင်းအမြစ်များမှ နွေရာသီကာလတွင် သောက်သုံးရေပြတ်လပ်မည့် အခြေ အနေများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းသိရှိရပါက ကြိုတင်အကြောင်းကြားနိုင်ပါကြောင်း သိရ သည်။

ယခုအခါတွင် နွေဦးကာလသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သည့်အတွက် မင်းဘူးခရိုင်အတွင်းရှိ မည်သည့်ကျေးရွာ၌မဆို သောက်သုံးရေရှားပါးပြတ်လပ်မှုဖြစ်ပေါ်ပါက ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဖော်ပြပါဖုန်းနံပါတ်များအတိုင်း အချိန်မရွေး ဆက်သွယ် အကြောင်းကြားနိုင်ပြီး ထိုကဲ့သို့ဆက်သွယ်လာပါက ဌာနမှ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက် ပေးရန်အတွက် အစီအမံများ စီစဉ်ဆောင်ရွက်ထားရှိကြောင်း မင်းဘူးခရိုင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က ပြောပြသည်။


သူရိန်(မင်းဘူး)