ကန်ကြီးထောင့် ၁၅ မတ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ရန်နှင့် ကာယ၊ဉာဏစွမ်းရည်များဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကာ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်နှင့် Myanmar Fitness Dance စသည့် အားကစားနည်းသင်တန်း ၄ မျိုးကို မတ်လ ၁၈ ရက်နေ့ မှ ဧပြီလ ၆ ရက်နေ့အထိ မြို့နယ်ဘောလုံးကွင်းနှင့်မြို့နယ်အားကစားရုံတို့၌ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းထိုက် (KGD)