ဂန့်ဂေါ ၆ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပုံတောင်၊ ပုံညာတောင်ဒေသ ကြက်ရိုးကျေးရွာ အုပ်စု၊ လယ်ဓမ္မ ကျေးရွာတွင် နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မွမ်းမံရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း အား ဇန်နဝါရီ ၃ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

02

 

အဆိုပါ လယ်ဓမ္မကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် ၁၃၇ သိန်း ဖြင့် စက်ရေတွင်းတူးဖော်ခြင်း၊ ၂လက်မ PVC ပိုက်လိုင်းပေ ၅၀ဝ သွယ်တန်းခြင်းလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ဂန့်ဂေါမြို့နယ်၊ လယ်ဓမ္မကျေးရွာသည် ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် စိမ့်စမ်းရေ အရင်းအမြစ်များ ခမ်းခြောက်ခြင်းနှင့် ကျေးရွာတွင်းရှိ လက်တူးတွင်းနှင့် တွင်းတိမ်များမှာ ရေလုံလောက်မှု မရှိခြင်းတို့ကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆာင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ လူနေအိမ်ခြေ ၆၇ အိမ်၊ လူဦးရေ ၃၀၈ ဦးနှင့် ဘုန်တော်ကြီးကျောင်း၊ စာသင်ကျောင်းများအတွက် သောက်သုံးရေ အခက်အခဲများ အဆင်ပြေ သွားမည်ဖြစ်ကြောင်း သိရသည်။

 

(၁၄၄)