နေပြည်တော် မတ်

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တည်ဆောက်ပြီး နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ () ခုနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း() ခုတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက လက်ရှိ ၂၀၂၄ ခုနှစ်၊ နိုင်ငံတော်ဓာတ်အားစနစ်တွင် ဓာတ်အား ထုတ်လုပ်မှု အရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ဒသမ၆ ရာနှုန်း၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁ဒသမ၇ ရာနှုန်း ၊ အပူစွမ်းအင် (Gas + Coal) မှ ၅၀ဒသမ၇ရာနှုန်း ဖြစ်ပါကြောင်း၊ National Electricity Master Plan (၂၀၁၄) အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ ၃,၀၇၀ မဂ္ဂါဝပ် (၁၇) ရာနှုန်းအထိ ဆောင်ရွက်ရန်လျာထားပါကြောင်း၊ သန့်ရှင်းသောစွမ်းအင်အရင်း အမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အားစနစ်၏ အခြေခံဝန်အား (Base Load) အနေဖြင့် ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန် ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်းများကိုလည်း ဟန်ချက်ညီညီ အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားလျှပ်စစ် ဓာတ်အားပင်မစီမံချက် (National Electricity Master Plan) ၏ နှစ်အလိုက် ဓာတ်အားလိုအပ်ချက် တိုးတက်လာမည့် အခြေအနေများအရ နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှု သည် (၉) ရာခိုင်နှုန်းနှင့်အထက်ရှိသဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အားပမာဏ (၅၀၀) မဂ္ဂါဝပ်ခန့် တိုးတက် ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း။  

         

 သို့ပါ၍ နိုင်ငံတော်နှင့် ပြည်သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေး ယနေ့တက်ရောက်လာကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲ များ၊ လိုအပ်ချက်များကို တင်ပြကြရန်နှင့် မိမိတို့မှလည်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးရန်အတွက် ပွင့်ပွင့်လင်းလင်း တင်ပြကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်၍ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန် အတွက် နိုင်ငံတော်နှင့်အတူ ပုဂ္ဂလိကကုမ္ပဏီများမှလည်း ပူးပေါင်းဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တည်ဆောက်ပြီးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ () ရုံနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ()ခုတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လုပ်ငန်းအခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည့် ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုရသင်တန်းသားများကို  ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)