ကော့သောင်း ၁ သြဂုတ်
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MTM-LONDON ပင်လယ်ကူးသင်္ဘောမှ တာဝန်လဲလှယ်ပြီး ပြန်လာသည့် နေရပ်ပြန်မြန်မာသင်္ဘောသား (၁၇) ဦးသည် ကော့သောင်းမြို့တွင် Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် M.T.M. MARITIME CENTRE CO.Ltd မှ ကုန်စည်ပို့ဆောင်သည့် သင်္ဘောဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တစ်ဆင့် ကော့သောင်းမြို့နယ် ရေပြင်ပိုင်နက်အနီးသို့ ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ မြန်မာသင်္ဘောသား (၁၇) ဦးအား ဆိပ်ကမ်း၌ ဌာနဆိုင်များနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁) ခု ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)