မန္တလေး မေ

 

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်း၌ မေ ရက်က ဖွင့်လှစ်ထားသော ယာယီတည်းခိုစခန်းနေရာတွင် တရုတ်နိုင်ငံ နယ်စပ်မြို့များမှ အလုပ်လုပ်ကိုင်ပြီး နေရပ်အသီးသီးသို့ ပြန်ကြမည့်သူများအား အလှူရှင်များက ထမင်းဘူးများနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သောက်ရေသန့်များကို နေ့စဉ်လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲကလည်း အလှူရှင်များက ထမင်းဘူးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သောက်ရေသန့်များကို လာရောက်လှူဒါန်းကြကြောင်း သိရသည်။

 

နေ့စဉ် နေရပ်ပြန်များ ရောက်ရှိလာမှုအပေါ် မူတည်ကာ အလှူရှင်များက ထမင်းဘူးများနှင့် သောက်ရေသန့်များကို ကိုယ်တိုင်လာရောက် လှူဒါန်းကြခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကုန်ကျစရိတ်မှာ မတူညီပါကြောင်း၊ နေ့စဉ်အလှူရှင်များလည်း ရှိပါကြောင်း၊ နေရပ်ပြန်များ တည်းခိုနေထိုင်နိုင်ရေး၊ စားသောက်ရေးနှင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၎င်းအပြင် ကျန်းမာရေးအတွက် အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းကို အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြောသည်။

 

နေရပ်ပြန်များ ခေတ္တတည်းခိုနေထိုင်ရန်အတွက် ယာယီဖွင့်လှစ်ပေးထားသောနေရာတွင် ကွပ်ကဲရေးစခန်းဖွင့်လှစ်လျက် အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ဦးဆောင်၍ ဌာနဆိုင်ရာ အကြီးအကဲများ၊ မဟာအောင်မြေမြို့နယ်နှင့် အောင်အမြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက နေ့စဉ် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)