ပြင်ဦးလွင်   ၄    ဇွန်

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် ဇီးပင်ကြီးတွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား (Facility Quarantine ) လက်ခံထားရှိ ဆောင်ရွက် လျှက်ရှိရာ ဇွန်လ ၄ ရက် (ယနေ့) ထိရောက်ရှိလာသူ စုစုပေါင်းမှာ အမျိုးသား ၅၇၆ ဦး၊အမျိုးသမီး ၃၆၆ ဦး ပေါင်း ၉၄၂ ဦးရှိပြီဖြစ်ပြီး ကလေး ၄၁ ဦး၊ ကိုယ်ဝန်ဆောင်၂၈ ဦးတို့ပါရှိကြောင်း သိရသည်။

 

ပြန်လည်ရောက်ရှိလာသူများအား Facility Quarantine Center  တွင် ၂၁ ရက်ထားရှိသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးနိုင်ရန်အတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ ဖတ်နမူနာများ ရယူသွားမည် ဖြစ်သည်။

 

ယနေ့ထိ စုစုပေါင်း ၅၁၃ ဦးတို့၏ နှာခေါင်းတို့ဖတ်နှင့် လည်ချောင်းတို့ဖတ် နမူနာတို့အား စစ်ဆေးနိုင်ရန် ပေးပို့ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

 

မြတ်ဆုမွန်