ကော့သောင်း ၂၆ ဇွန်
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်းရပ်နားထားသည့် MT DUBLIN ပင်လယ်ကူးသင်္ဘောမှ Sign off ထွက်လာသည့် နေရပ်ပြန်မြန်မာသင်္ဘောသား(၁၀)ဦး ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့မ ဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာရာ ကော့သောင်းမြို့ တွင် Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။
သင်္ဘောပေါ်မှ Sign off ထွက်လာသည့် Chief Officer ဦးမျိုးသူရကျော် အပါအဝင် အဆိုပါ မြန်မာသ င်္ဘောသား ၁၀ ဦးသည် ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသော သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် Captain ဦးရဲဝင်းရှိန် ပါ မြန်မာသင်္ဘောသား (၁၀)ဦး ဖြင့် တာဝန်လွဲပြောင်း ယူခဲ့သူများဖြစ်သည်။
အဆိုပါ သင်္ဘောသည် MTM-SHIPMANAGEMENT PTE Co.ltd ၏ ကုန်စည်ပို့ဆောင်သည့် သင်္ဘောဖြစ်ပြီး မလေးရှားနိုင်ငံမှတစ်ဆင့် ကော့သောင်းမြို့နယ် ရေပြင်ပိုင်နက် အနီးသို့ ယမန်နေ့မွန်းလွဲပိုင်းက ရောက်ရှိလာခြင်းဖြစ်ပြီး သင်္ဘောပေါ်မှ Sign off ထွက်လာသည့် အဆိုပါ မြန်မာသင်္ဘောသား ၁၀ ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


