အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုချက်များနှင့်အညီ ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်သုံးစွဲမှုအတွက်  နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ချီးကျူးလိုက်သည်။

အင်္ဂါနေ့က အိမ်ဖြူတော်တွင် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်နှင့် တွေ့ဆုံစဉ် ထရန့်သည် အဆိုပါ အကြောင်းအရာကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် ပိုမိုတိုးသုံးလာနေမှုကို ထရန့်က ချီးကျူးခဲ့သည်။

ဥရောပတိုက်ကို ကာကွယ်စောင့်ရှောက်ရန် အချိုးအစားမမျှတသော ကုန်ကျစရိတ်ဝေစုကို အမေရိကန် ပြည်ထောင်စုက ပေးချေနေရကြောင်း ဒေါ်နယ်ထရန့်က ထပ်လောင်းပြောကြားခဲ့သည်။  ဥရောပနိုင်ငံများသည် လက်ရှိသတ်မှတ်ထားသည့် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၂ ရာခိုင်နှုန်းအထက် ကာကွယ်ရေး ဘတ်ဂျက်ကို တိုးမြင့်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကာကွယ်ရေးအသုံးစရိတ် ၂ ရာခိုင်နှုန်းအောက် သုံးစွဲသည့် ဂျာမနီနိုင်ငံကိုလည်း ထရန့်က ဝေဖန်လိုက်သည်။ နေတိုး၏ အသုံးစရိတ်အပေါ် အမေရိကန်ပြည်ထောင်စုက ဝေမျှကျခံခြင်းကြောင့် ထိုလုပ်ရပ်မှာ မမျှတကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn