၂၃ စက်တင်ဘာ


အစ္စရေးနိုင်ငံက အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေဟာ ဝန်ကြီးချုပ် နေတန်ညာဟု ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်တဲ့ မဲအရေအတွက် မရရှိသလို စစ်ခေါင်းဆောင်ဟောင်း ဘန်နီဂန့် ဦးဆောင်ပြီး အစိုးရအဖွဲ့နိုင်တဲ့ လိုအပ်တဲ့ မဲအရေအတွက် မရတာကိုလည်း တွေ့ရပါတယ်။ 


အခုလို ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ အခြေအနေမှာ တတိယ မဲအများဆုံးရတဲ့ အစ္စရေး-အာရပ် မဟာမိတ်ပါတီအဖွဲ့က နေတန်ညာဟု အား ဖယ်ရှားရန် စစ်ခေါင်းဆောင်ဟောင်း ဂန့်ကို ထောက်ခံမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ အစ္စရေး-အာရပ် မဟာမိတ်ပါတီဟာ စုစုပေါင်း မဲဆန္ဒနယ် ၁၂၀ မှာ ၁၃ မဲရရှိခဲ့ပြီး ဂန့်ရဲ့ အပြာအဖြူပါတီက ၃၃ နေရာနဲ့ နေတန်ညာဟုရဲ့ လီကွက်ပါတီက ၃၁ နေရာ ရရှိခဲ့ကြောင်း သိရပါတယ်။ 


အစ္စရေး-အာရပ် မဟာမိတ်ပါတီက ဝန်ကြီးချုပ် ဖြစ်နိုင်ရေးကို ဝင်ရောက်စွက်ဖက်လာခြင်းက ၁၉၉၂ နောက်ပိုင်းမှာ ပထမဦးအကြိမ် ဖြစ်ပါတယ်။  မဟာမိတ်ပါတီခေါင်းဆောင် အေမန်အိုဒစ်က သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးသမ္မတ ရူဗင် ရီလင် ကို အသိပေးပြီး ဖြစ်ပါတယ်။ နေတန်ညာဟု ကို ဖြုတ်ချဖို့အတွက် လုပ်နိုင်တာတွေကို လုပ်သွားမယ်။ သမိုင်းက ပြီးသွားပြီလို့ ပြောပါတယ်။ 


အစိုးရဖွဲ့စည်းလို့ မရရင် တစ်နှစ်အတွင်းမှာ တတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်တဲ့အတွက် သမ္မတကတော့ အဲဒီလိုမဖြစ်အောင် သူလုပ်နိုင်တာတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။ 


MDN
ကိုးကား- AFP