မန္တလေး  ၂၁    ဒီဇင်ဘာလ    

နဂါးစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၆၀ ၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ သီလရက္ခိတ ဓမ္မာရုံတွင် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၉နာရီက ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ စာကြည့်တိုက်ဖောင်ဒေးရှင်းများ အသင်းဥက္ကဌ ဦးအုန်းငွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ ဦးကိုကိုလေး၊ ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့် စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးဌေးကြွယ်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

a

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ စာကြည့်တိုက်ဖောင်ဒေးရှင်းများ ဥက္ကဌ ဦးအုန်းငွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ ဦးကိုကိုလေးတို့မှ အသီးသီးအဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်များမှ စာအုပ်များ လှူဒါန်းကာ အမှတ်တရစုပေါင်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ 

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် တာဝန်ရှိသူများ၊ စာကြည့်တိုက်ဖောင်ဒေးရှင်းများ အသင်းဥက္ကဌ ဦးအုန်းငွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ ဦးကိုကိုလေး၊ ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့်တာဝန်ရှိသူများ၊ စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးဌေးကြွယ်၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဆရာညီပုလေး၊ ဆရာဦးဘုန်း(ဓာတု)၊ ဆရာဗေလုဝနှင့် ဆရာထွဏ်းသွေးအိမ်တို့ ဟောပြောမည့် စာပေဟောပြောပွဲကို ညနေ ၆နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

တင်ဇာလှိုင် (ပြန်/ဆက်)