ငွေဆောင် ၁၀ ဇန်နဝါရီ 


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေနှင့် အနီးဝန်းကျင် ကျွန်းကမ်းခြေများပေါ်တွင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် မပျက်စီးစေရေး၊ အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာ လှပနေစေရေးအတွက် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်နှင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဟိုတယ်ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀ဝ) ခန့် စုပေါင်း၍ ကမ်းခြေနှင့် ချစ်သူများကျွန်း ကမ်းခြေတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

ာိည

 

ငွေဆောင်ကမ်းခြေဒေသသည် နှစ်စဉ် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် အပန်းဖြေမှု တိုးတက်များပြားလာသည်နှင့်အညီ ကမ်းခြေ၏ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် မပျက်စီးစေရန်၊ အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပသော ကမ်းခြေတစ်ခုအဖြစ် ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်လည်ပတ် အပန်းဖြေနိုင်စေရန် ယခုကဲ့သို့ စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။


မနှင်းဆီ(ပြန်/ဆက်)

 

ာိည

 

ာိည