ငွေဆောင် ၃  ဖေဖော်ဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်း​​ခြေ၌ BIKE  WORLD (စက်ဘီးကုမ္ပဏီ) မှ ဦးစီး၍ မီတာ(၈၀၀) ရေကူး၊ (၂၂)ကီလိုမီတာ စက်ဘီးစီး၊ (၁၀)ကီလိုမီတာ အပြေး(၃)မျိုး ပေါင်းပါဝင်သော အားကစားနည်းပြိုင်ပွဲအား YACHT CLUB ဟိုတယ်တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇)နိုင်ငံမှ အားကစားသမား (၈၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မူမူ(ပြန်/ဆက်)