ငွေဆောင် ၂၁ အောက်တိုဘာ
ငွေဆောင်ကမ်းခြေတွင် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ အပန်းဖြ အနားယူနိုင်ရေး၊ ကမ်းခြေသန့်ရှင်း သာယာလှပရေးအတွက် ငွေဆောင်ကမ်းခြေ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဦးဝဏ္ဏဝင်းနှင့် အဖွဲ့က ယနေ့နံနက်(၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေး ဉီးစီးဌာနရုံးခန်းမ၌ ကမ်းခြေတွင် စီးပွားရှာသူ စျေးသည်များအား တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် စည်းကမ်းမဲ့၊ အမှိုက်စွန့်ပစ်မှုများ မပြုလုပ်ရေး၊ ကမ်းခြေသန့်ရှင်း သာယာလှပမှုအား ထိခိုက်မှုမရှိစေရန် စည်းကမ်းတကျ စျေးရောင်းချရေးနှင့် ခရီးသွားဧည့်သည်များ အနှောင့်အယှက် ဖြစ်စေမည့် ငါးကင်၊ ပုစွန်ကင် တုတ်ချောင်းများအား သဲသောင်ပြင်ပေါ်တွင် စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းများ မပြုကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မူမူ (ငွေဆောင်)


