ကျော်စွာထွန်း
ငွေဆောင်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အနောက်ဘက် ၄၈ ကီလိုမီတာအကွာတွင် တည်ရှိသည့် ပင်လယ်ကမ်းခြေအပန်းဖြေမြို့ တစ်မြို့ဖြစ်သည်။ ရန်ကုန် မြို့မှ ပုသိမ်အထိ ၁၁၅ မိုင်ရှိပြီး ပုသိမ်မှ ငွေဆောင်သို့ ၂၉ မိုင်ခရီးသာရှိသည်။ ရန်ကုန်မြို့မှ ကားလမ်းခရီးဖြင့် ငါးနာရီ လာရပြီး နေ့ချင်းပြန်သွားနိုင်သောကမ်းခြေ အပန်းဖြေ နိုင်သည့် မြို့လည်းဖြစ်သည်။ ငွေဆောင်ကမ်းခြေကို ၂ဝဝဝ ပြည့်နှစ် မတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ချောင်းသာ ကမ်းခြေနှင့် နှိုင်းယှဉ်လျှင် ငွေဆောင်ကမ်းခြေက ပိုမို ရှည်လျားပြီး ကျွန်းများရှုခင်းများဖြင့် လှပသောကမ်းခြေ တစ်ခုဖြစ်သည်။
များမကြာမီနှစ်များတွင် ရန်ကုန် -ပုသိမ် ကားလမ်းမကြီးအား လေးလမ်းသွားအဖြစ် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လမ်းပန်းဆက် သွယ်ရေးပိုမိုကောင်းမွန်လာပြီး အချိန်ကုန်ပို၍သက်သာ စေမည်ဖြစ်သည်။
ချောင်းသာမှ ငွေဆောင်သို့
ငွေဆောင်မြို့ သဇင်ကျေးရွာရှိ မြွကျွေန်းမှ ချောင်းသာကမ်းခြေသို့ Speed Boat ဖြင့် သွားလျှင် မိနစ် ၂ဝ ခန့်သာ ကြာမြင့်သည်။ သို့သော် ငွေဆောင် ကမ်းခြေနှင့် ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ် သည့် ခရီးသွားဧည့်သည်များက ယခုခရီးစဉ်ကို သိရှိသူ အလွန်နည်းလှသည်။ ၂ဝ၁၈ ခုနှစ်တွင် ငွေဆောင်မြွကျွေန်း နှင့် ချောင်းသာခရီးစဉ်ကို ခရီးသွားများပိုမိုသိရှိလာပြီး လာရောက်လည်ပတ်သူ များပြားလာခဲ့သည်။ ချောင်းသာ ကမ်းခြေမှ မြွကျွေန်း(သို့မဟုတ်)မြွကျွေန်းမှ ချောင်းသာ ကမ်းခြေသို့သွားရောက်ခဲ့လျှင် ခရီးသွားဧည့်သည်များ အနေဖြင့် ခရီးစဉ်တစ်ခုတည်းဖြင့် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေအလှအပများကို ခံစားထိတွေ့ရမည် ဖြစ်သည်။ ချောင်းသာမှ မြွကျွေန်းသို့Speed Boat စီး၍သွားလျှင် မိနစ် ၂ဝခန့်သာ ကြာမြင့်ပြီး မြွကျွေန်းမှ ငွေဆောင်ကမ်းခြေသို့ ဆိုင်ကယ်ကယ်ရီဖြင့်သွားလျှင် မိနစ် ၃ဝခန့်သာကြာမြင့်၍ ခရီးစဉ်တစ်ခုတည်းဖြင့် ကမ်းခြေနှစ်ခု၏ မတူညီသော သဘာဝရှုခင်းအလှအပများ ကို ခံစားနိုင်မည်ဖြစ်သည်။
ငွေဆောင်ကမ်းခြေ ဖွံ့ဖြိုးတိုးတက်မှုများ
ငွေဆောင်ကမ်းခြေကို ၂ဝဝဝ ပြည့်နှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်စဉ်က ဟိုတယ်ခြောက်လုံးခန့် သာရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၃၁လုံးထိ ရှိလာခဲ့ပြီး လက်ရှိအချိန်တွင် ဆောက်လုပ်ဆဲ ဟိုတယ်၊ တည်းခိုခန်းများလည်း ဆက်လက်ဆောက်လုပ် လျက်ရှိပါသည်။ ၂ဝဝဝ ပြည့်နှစ်တွင် ခရီးသွားများ ဝင်ရောက်မှု နည်းပါးပြီး ယခုအချိန်တွင် ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်သူများပြားလျက်ရှိ သော ကမ်းခြေ တစ်ခုဖြစ်လာခဲ့သည်။ ငွေဆောင်ကမ်းခြေ ကို တဖြည်းဖြည်း လူသိများလာပြီး ၂ဝ၁၄ ခုနှစ်တွင် ငွေဆောင်ကမ်းခြေဒေသသို့ လာရောက်သည့် ပြည်တွင်း ခရီးသည် ၆ဝ၉ဝ၆ ဦးခန့်ရှိပြီး ပြည်ပခရီးသွားဧည့်သည် ၃ဝ၉၂၂ဦးခန့် စုစုပေါင်း ၉၁၈၂၈ ဦးခန့်သာ ရှိခဲ့ရာမှ ယခု ၂ဝ၁၈ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၁၆၄၄၁၁ ခန့်ရှိ၍ ပြည်ပခရီးသွားဧည့်သည် ၈၆၉၄၁ဦး စုစုပေါင်း ၂၅၁၃၅၂ ဦးထိ တိုးတက်များပြားလာခဲ့သည်။၂ဝ၁၈ ခုနှစ်တွင် ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည် ၂ဝဝဝဝဝ ခန့်သာ လာရောက်ခဲ့ပြီး ငွေဆောင်ကမ်းခြေသို့ ၂၅၁၃၅၂ ဦးခန့် လာရောက်ခဲ့သဖြင့် ချောင်းသာကမ်းခြေသို့ လာရောက်သည့် ခရီးသွားဦးရေထက် ၅ဝဝဝဝကျော်ခန့် ပိုမိုတိုးတက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။
ယခုအခါ ငွေဆောင်ကမ်းခြေဒေသသည် ၂ဝဝဝ ပြည့်နှစ်မှစ၍ ကဏ္ဍအသီးသီးမှ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ၂ဝ၁၉ ဇန်နဝါရီလမှစတင်၍ ငွေဆောင်မြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးနေပြီဖြစ်ပါသည်။ ဟိုတယ်လုပ်ငန်း နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အိမ်ရာစီမံကိန်း များအတွက် လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ၂ဝ၂ဝ ပြည့်နှစ်တွင်ရရှိနိုင်ရန် တိုင်းဒေသကြီး အစိုးရမှ လျာထားဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း အနေဖြင့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ ပူးပေါင်းပြီး ၁၃၉ဝ မဂ္ဂါဝပ်LNG သဘာဝ ဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကို ဧရာဝတီ တိုင်းဒသကြီး ရွှေသောင်ယံမြို့ မီးလောင်ဂျိုင် ဒေသတွင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါသည်။ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုများ
ငွေဆောင်ကမ်းခြေသို့ ခရီးသွား ဧည့်သည်များ ပိုမိုတိုးတက်လာသည်နှင့် အမျှ ဟိုတယ်လုပ်ငန်းများ တိုးချဲ့ရင်းနှီးမြှုပ်နှံမှု များပြားလာပြီး Developerများမှ အိမ်ရာ စီမံကိန်းလုပ်ငန်းများဆောင်ရွက်၍ ရင်းနှီး မြှုပ်နှံလာကြသည်။ ငွေဆောင်မြို့သည် မြေတန်ဖိုး အလွန်သက်သာသောကြောင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာသည်ကို တွေ့ရှိရသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်း နိုင်ငံ ဗန်ကောက်မြို့၏ တစ်စတုရန်းပေ ပတ်လည် ဈေးနှုန်းနှင့် ဖူးခက်ကမ်းခြေ၊ ပတ္တရားကမ်းခြေဒေသ၏ တစ်စတုရန်းပေ ပတ်လည် ဈေးနှုန်းမှာ အတူတူဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့တွင် စီးပွားရေးရင်းနှီးပြုလုပ်နိုင် သည့် မြေဈေးနှုန်းနှင့် ငွေဆောင်မြို့တွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည့် မြေဈေးနှုန်းမှာ အဆမတန်ကွာခြားပြီး ငွေဆောင်ကမ်းခြေ၏ တစ်စတုရန်းပေ ဈေးနှုန်းမှာ လွန်စွာသက်သာသောကြောင့် ငွေဆောင်ကမ်းခြေဒေသသို့ ရင်းနှီးမြှုပ်နှံ သူများ ပိုမိုဝင်ရောက်လာခဲ့ကြသည်။ အိမ်နီးချင်းနိုင်ငံ ကမ်းခြေဒေသများ၏ မြေတန်ဖိုးမှာ မြို့ပြရှိမြေဈေးနှုန်းနှင့် တန်းတူ ရှိပြီး မြန်မာနိုင်ငံကမ်းခြေဒေသများ၏ မြေ ဈေးနှုန်းမှာ မြို့ပြမြေဈေးနှုန်းထက်လွန်စွာ သက်သာသောကြောင့် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငွေဆောင် မြို့၏ မြေဈေးနှုန်းမှာ အလွန်သက်သာသော ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီး မြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိသော ဒေသဖြစ်သည်။ အသုံးမပြုရသေးသော မြေဧကများစွာကျန်ရှိနေပြီး ¤င်းနေရာများ တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျှင် ငွေဆောင်မြို့သည် အခြားနိုင်ငံကမ်းခြေ များကဲ့သို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် သည်။ ယခုအချိန်တွင် မြေတန်ဖိုး သက်သာ သောကြောင့် ကမ်းခြေဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသင့်သော အချိန်အခါကောင်းပင် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသင့်သော လုပ်ငန်းများ
ငွေဆောင်ကမ်းခြေဒေသတွင် ဟိုတယ် လုပ်ငန်း၊ အိမ်ရာစီမံကိန်းလုပ်ငန်းများအပြင် အပန်းဖြေစခန်းများရေထွက်ငါး၊ ပုစွန်လုပ်ငန်း များအပြင် အပန်းဖြေဖျော်ဖြေရေး လုပ်ငန်း များလုပ်ကိုင်ရန် အခွင့်အလမ်းများစွာရှိသော ကမ်းခြေဒေသတစ်ခုဖြစ်သည်။ ဧရာဝတီတိုင်း ဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီး ပြီးလျှင် လူဦးရေအများဆုံးနေထိုင်သည့် ဒေသဖြစ်သည်။ လူဦးရေ ခြောက်သန်းခန့် ရှိသောကြောင့် လုပ်သားအင်အားပေါများပြီး လူ့စွမ်းအားအရင်းအမြစ်ကို ပိုမိုအသုံးချနိုင် သည်။ ငွေဆောင်ကမ်းခြေဒေသ၏ အားသာ ချက်များမှာ ကျွန်းများနှင့် သဘာဝရှုခင်း ပေါများခြင်း၊ ရန်ကုန်မြို့နှင့် နီးကပ်သဖြင့် ပွင့်လင်းရာသီတွင် ပြည်တွင်း၊ ပြည်ပခရီးသွား များ အလွယ်တကူလာရောက်နိုင်ခြင်း၊ လုံခြုံစိတ်ချမှုရှိခြင်း၊ ဆက်သွယ်ရေး ကောင်းမွန်ခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်သော ဒေသတစ်ခုဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ လုပ်ငန်းများ မြန်ဆန်စွာ လုပ်ကိုင်ခွင့်ရရှိရန် တစ်လလျှင် နှစ်ကြိမ်အစည်းအဝေး ကျင်းပ၍ လျင်မြန်စွာ ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါသည်။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍတိုးတက်မှုအခြေအနေ
ယခုအခါ ကုန်းလမ်းခရီးအပြင် ရန်ကုန်- ပုသိမ်သို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် မှစ၍ လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် လေးရက်ပြေးဆွဲထားခြင်း၊ ယခု လေကြောင်း လိုင်း ပြေးဆွဲမှုကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ ရန်ကုန်- ပုသိမ် လေကြောင်း လိုင်းဖြင့် ပုသိမ်-ချောင်းသာ၊ ငွေဆောင်သို့ ပိုမိုလာရောက်လည်ပတ်သည်ကို တွေ့ရှိရ သည်။ လေကြောင်းလိုင်း စတင်ပြေးဆွဲစဉ်က လေယာဉ်စီးနင်းမည့်ခရီးသည် လွန်စွာနည်းပါး ပြီး ယခုအချိန်တွင် လေယာဉ်စင်းလုံးပြည့် နီးပါး ခရီးသည်များနှင့် ခရီးသွားများ လိုက်ပါ စီးနင်းမှု ပိုမိုတိုးတက်လာခဲ့သည်။ နှစ်ပေါင်း များစွာ ငြိမ်သက်နေခဲ့သော ပုသိမ်လေဆိပ် သည်လည်း ပြန်လည်အသက်ဝင်လာခဲ့ပြီး အနာဂတ်လေကြောင်းလိုင်း အစီအစဉ်အနေ ဖြင့် မန္တလေးမှ ပုသိမ်သို့ တိုက်ရိုက်ပျံသန်း တိုးချဲ့ရန်ရှိသလို အခြားမြို့များနှင့်လည်း ချိတ်ဆက်ပျံသန်းမည့်အစီအစဉ်များ စီမံ ရေးဆွဲလျက်ရှိသည်။ နိုင်ငံခြားတိုင်းပြည်မှ ပုသိမ်လေဆိပ်သို့ တိုက်ရိုက်ပျံသန်းမည့် အစီ အစဉ်များလည်း မကြာမီကာလအတွင်းမှာ ဖြစ်လာနိုင်မည်ဟု သိရှိရသည်။
ငွေဆောင်တွင် လေယာဉ်ကွင်းဖောက် လုပ်ပြီး လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်လျှင် ပို၍အကျိုးရှိမည်ဟု မျှော်လင့်ပြီး ခရီးသွားဧည့်သည်များ အချိန်ကုန်သက်သာစွာဖြင့် လာရောက် လည်ပတ်နိုင်မည်ဖြစ်သည်။ ရန်ကုန်မှ ငွေဆောင်သို့ ၄၅မိနစ်အတွင်း ရောက်ရှိ မည်ဖြစ်ပြီး ငွေဆောင်ကမ်းခြေအလှကို လေယာဉ်ပေါ်မှလည်း ခံစားကြည့်ရှုနိုင်မည်။ ငွေဆောင်လေယာဉ်ကွင်းဖောက်လုပ်ရန် အစီ အစဉ် ရှိကြောင်းကို အတည်မပြုနိုင်သေးသော သတင်းတစ်ရပ်အနေဖြင့် ကြားသိရသည်။ လေယာဉ်ကွင်း ဖောက်လုပ်မည်ဆိုပါက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း များစွာတိုးတက်လာ လာမည်ဟု ယုံကြည်မိပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ် ကောင်းမြို့ဒေသတွင် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ရမည်ဖြစ်သည်။ ငရုတ်ကောင်း Deep Sea Port ၏ ရေစူးအနက်သည် မီတာ ၂ဝ မှ မီတာ ၃ဝ အတွင်းရှိသောကြောင့် တန်ချိန် တစ်သိန်းကျော် ပင်လယ်ကူးသင်္ဘောကြီး များ ဆိုက်ကပ်နိုင်မည်။ ရန်ကုန်ဆိပ်ကမ်း၏ ရေဆူးအမှတ်မှာ ကိုးမီတာခန့်သာရှိပြီး တန်ချိန် ၁၅ဝဝဝ သင်္ဘောများသာ ဆိုက်ကပ် နိုင်သည်။ ငရုတ်ကောင်းရေနက်ဆိပ်ကမ်းကို အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ငရုတ်ကောင်းဒေသသည် ပင်လယ် ထွက်ပေါက် မြို့တစ်မြို့ဖြစ်လာပြီး ဧရာဝတီ တိုင်းဒေသကြီးသည် ပိုမိုစည်ကားတိုးတက်လာမည်ဖြစ်သည်။
ကုန်းလမ်းပို့ဆောင်ရေး ကဏ္ဍအနေဖြင့် ငရုတ်ကောင်းဒေသမှ ငပလီအထိ ကမ်းရိုးတမ်း ပတ်လမ်းဖောက်လုပ်ရန် လမ်းအူကြောင်းများ ရှာဖွေဆောင်ရွက်နေပြီဖြစ်သည်။ ကမ်းခြေ ပတ်လမ်း စီမံကိန်းဆောင်ရွက်ပြီးစီးပါက ငွေဆောင်ကမ်းခြေသည် ကမ်းခြေပတ်လမ်း နံဘေးတွင် တည်ရှိသောကြောင့် ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။
ငွေဆောင်မှ ဖိတ်ခေါ်ပါသည်
ကဏ္ဍအသီးသီးမှ ဖွံ့ဖြိုးတိုးတက်လျက်ရှိ သော ငွေဆောင်ကမ်းခြေဒေသသို့ ငရုတ်ကောင်း ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် အပျော်စီးသင်္ဘောများဖြင့် ခရီးသွားများ ဝင်ရောက်လာနိုင်သလို လေကြောင်းလိုင်းမှ လည်း ခရီးသွားဧည့်သည်များ ဝင်ရာက်လျက် ရှိပြီး ရန်ကုန်-ပုသိမ် လေးလမ်းသွား လမ်းမကြီး ဖောက်လုပ်ပြီးစီးသည့် အချိန်တွင်လည်း ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာမည် ဖြစ်သည်။ လုပ်ငန်းတစ်ခုအတွက် အဓိက လိုအပ်ချက်ဖြစ်သော မြေနေရာပေါများ၍ ဈေးသက်သာခြင်း၊ လျှပ်စစ်စွမ်းအင် လုံလောက်စွာဖြန့်ဖြူးပေးရန် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း၊ လုပ်သား လိုအပ်ချက်ဖြစ်သော လူ့စွမ်းအား အရင်း အမြစ်များ ပေါများခြင်းတို့ကြောင့် ခရီးသွား လုပ်ငန်းများအပြင် အခြားသောစီးပွား ထုတ်ကုန်လုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက်သင့်သော ဒေသတစ်ခု ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ပူးပေါင်းဆောင် ရွက်လျှင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများပိုမို စိတ်ဝင်စားလာခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုများပြားလာခြင်း၊ ဒေသ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာခြင်း ခရီးသွားလုပ်ငန်းများ တွင်ကျယ်လာခြင်းနှင့် ကမ်းခြေဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် ငွေဆောင်ကမ်းခြေဒေသ သို့ လာရောက်လေ့လာလည်ပတ်သင့်ကြောင်း ငွေဆောင်မှ ဖိတ်ခေါ်လိုက်ရပါသည်။ ။