ငွေဆောင် ၂၁ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လာရောက်အပန်းဖြေကြသည့် ခရီးသွားဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များနှင့် တည်းခိုနေထိုင်မှု၊ ဝင်ထွက်သွားလာမှု၊ ပြန်လည်ထွက်ခွာမှုစာရင်းများအား ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ပြီးမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ငွေဆောင်မြို့အဝင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားဧည့်သည်များ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး (၂၁.၃.၂၀၂၀)ရက်မှစ၍ ငွေဆောင်မြို့အဝင်တွင် ၂၄ နာရီ ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းထံမှ သိရသည်။
မူမူ(ပြန်/ဆက်)


