ငွေဆောင် စက်တင်ဘာ ၂၈

 

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့အား Clean City၊ Green City၊ Smart City ဖြစ်ပေါ် လာစေရေးအတွက် မြို့စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းကို ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆောင်ရွက်

ငွေဆောင်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပနေစေရန်အတွက် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းကို၏ ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များက မြို့အဝင်ဆိုင်းဘုတ်နှင့် မြို့အဝင်လမ်းမကြီး လမ်းဘေး ဝဲ/ယာ တစ်လျှောက်၌ ပလတ်စတစ် အမှိုက်ကောက်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ မြို့တွင်းသန့်ရှင်းသာယာလှပရေး လုပ်ငန်းများကိုလည်း နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် မြို့အတွင်း အမှိုက်ကင်းစင်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် နေ့စဉ်စနစ်တကျ သိမ်းဆည်းစွန့်ပစ်ပေးလျက်ရှိကြောင်း သိရသည်။

ငွေဆောင်(ပြန်/ဆက်)