ငွေဆောင်၊ ၁၀ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၌ မြို့အဝင်သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ လှပစေရန်အတွက် ပန်းအလှပင်များစိုက်ပျိုးခြင်းကို ဇွန် ၁၀ ရက် နံနက် ၇ နာရီက မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့စိုက်ပျိုးရာတွင် ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်မင်းဦးနှင့် ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ်တွင် ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ပေါင်းမြက်များဖြတ်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် ပန်းအလှပင်များစိုက်ပျိုးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်များ သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦးက ပြောသည်။

 

ငွေဆောင်(ပြန်/ဆက်)