ငွေဆောင် ၂၃ အောက်တိုဘာ
ငွေဆောင်မြို့ အမှတ်(၄)ရပ်ကွက်နှင့် ကျောက်ဖျာကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှ ဦးစိုးမိုးနိုင်ပါ တောင်သူ(၅)ဦး၏စပါးခင်းများသို့ ယမန်နေ့နံနက်ပိုင်းက တောဆင်ရိုင်း(၆)ကောင်ခန့် ဝင်ရောက်စားသောက်ခဲ့သည်။
အဆိုပါ တောဆင်ရိုင်းများဝင်ရောက်မှုကြောင့်စပါးခင်း(၆)ဧကခန့် ပျက်စီးခဲ့သဖြင့် သစ်တောဦးစီးဌာနမှဆင်များနှင့်ဝန်ထမ်းများ၊နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှပူးပေါင်း၍ယနေ့နံနက်ပိုင်းတွင်ယင်းဆင်ရိုင်းများအားဆင်မသစ်တောကြိုးဝိုင်းအတွင်းသို့ လိုက်လံမောင်းနှင်နေကြောင်း သိရသည်။
မူမူ (ပြန်/ဆက်)



