ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော်က အတည်ပြု

နေပြည်တော် ၁၇ နိုဝင်ဘာ

 

မြိုင်မဲဆန္ဒနယ်မှ ဦးအောင်ခင်ဝင်းတင်သွင်းသည့် ''ရှေ့အနာဂတ်ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း'' အဆိုကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြိုင်မဲဆန္ဒနယ်မှ ဦးအောင်ခင်ဝင်းတင်သွင်းသည့် အဆိုအား လွှတ်တော်ကိုယ်စားလှယ် ၉ ဦးမှ ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက အဆိုအား လွှတ်တော်က အတည်ပြုပေးရန် ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အဆိုအား ကန့်ကွက်မဲ ၁၀၉ မဲ ရှိသော်လည်း ထောက်ခံမဲအရေအတွက် ၂၈၆ မဲရှိသဖြင့် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

မျိုးထက်ဦး (MDN)