နေပြည်တော် ၂၅ ဇွန်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက် ငွေစု၊ ငွေချေး သမဝါယမအသင်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဘောဂသိဒ္ဒိဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိ အသင်းဥက္ကဋ္ဌ ဒေါ်ချိုချိုသန်းက အမှာစကားပြောကြားပြီး ဇမ္ဗူသီရိမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်သိင်္ဂီက သမဝါယမအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အသင်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်အတွက် ဘဏ္ဍရေးရှင်းတမ်းနှင့် လျာထားစာရင်းများ၊ အမြတ်ခွဲဝေစာရင်းများ၊ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာများအား ဖတ်ကြားရှင်းလင်း အတည်ပြုချက်ရယူသည်။ ထို့နောက် သမဝါယမ အသင်းသား/အသင်းသူများ၏ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် သားသမီးများအား ဂုဏ်ပြုတံဆိပ်မှတ်တမ်းနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လူမော်


