မန္တလေး ၁၁ စက်တင်ဘာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် UNODC တို့ ပူးပေါင်းကျင်းပသည့် ငွေကြေးခဝါချမှုဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် မန္တလေးမြို့ရှိ Hotel Magic Mandalay ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်းက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွင် ပြဌာန်းထားသည့် နိုင်ငံတကာ စံနှုန်းများ၏ သမိုင်းကြောင်း၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများ တရားစွဲတင်ခြင်းနှင့် စစ်ဆေးစီရင်ခြင်းများကို လေ့လာသိရှိနိုင်ရန်၊ တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံကောင်းများရရှိရန် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားသူကြီးများနှင့် တရားရေးအရာရှိများ တက်ရောက်ကြပြီး ငွေကြေးခဝါချမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တင်မောင်(မန်းကိုယ်ပွား)


