နေပြည်တော် နိုဝင်ဘာ ၁

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် Action Plan (၁၁)ချက် အပေါ် သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရမည့် အချက်များ၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်အချက်များနှင့် စပ်လျဉ်း၍ဆွေး‌နွေး ပြောကြားသည်။

ထို့နောက် လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက Action Plan အချက် ၁၁ ချက်အနက် နိုဝင်ဘာလအတွင်း အပြီးသတ် အကောင် အထည်ဖော်ဆောင်ရွက်ရမည့် အချက် ၄ ချက် ဖြစ်သည့် အဓိကနယ်ပယ်များရှိ ငွေကြေး ခဝါချမှုအန္တရာယ်များကို နားလည်သိရှိမှုတိုးတက်ကြောင်းပြသရန်၊ ကျောက်မျက်၊   ရွှေရောင်း ဝယ်သူများ၊ အိမ်ခြံမြေကတို့အား ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု ကွင်းဆင်း/ရုံးထိုင် စစ်ဆေးမှုများဦးစားပေးဆောင်ရွက်ရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ် ခြင်းအပါအဝင်ဟွန်ဒီလုပ်ငန်းများနှင့်ဆက်စပ်သည့် စည်းမျဉ်းများကို  အကောင်အထည် ဖော် ဆောင်မှုပြုလုပ်ရန်၊ လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားစေရန် ငွေကြေး ထောက်ပံ့မှုအပေါ်ဘဏ္ဍာရေးအရပစ်မှတ်ထားအရေးယူမှုဆိုင်ရာ တာဝန်ဝတ္တရားများနှင့်ပတ် သက်၍သတင်းပို့အဖွဲ့အစည်းများအား အသိပညာပေးသည့်လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် ရန်နှင့် ၎င်းတို့ကို ကြီးကြပ်ဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်ရန်ကိစ္စရပ်များနှင့်  ဆက်လက် ဆောင် ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ် ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊  ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာ့ကျောက် မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်(နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး)၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေ ကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။  

သတင်းစဉ်