ကင်ဘာရာ   နိုဝင်ဘာ   ၃

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်က နိုင်ငံ၏ငွေကြေးဖောင်းပွမှု အဆိုးရွားဆုံး အခြေအနေ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ဩစတြေးလျတောင်ပိုင်း၌ နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ဩစတြေးလျ နိုင်ငံသားများ ငွေကြေးဖောင်းပွမှုနှုန်းသည် သုံးနှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးအခြေအနေသို့ ပြန်လည်ရရှိပြီဖြစ်ကြောင်း အယ်လ်ဘာနီးစ်က ပြောကြားသည်။

ဩစတြေးလျနိုင်ငံ စာရင်းအင်းဗျူရိုမှ အောက်တိုဘာနောက်ဆုံးပတ်က ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းများအရ ဩစတြေးလျတွင် စားသုံးသူဈေးနှုန်းအညွှန်းကိန်း (စီပီအိုင်) သည် ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ တတိယသုံးလပတ်တွင် ၁ ဒသမ ၂ သာမြင့်တက်ခဲ့ကြောင်း ဖော်ပြ သည်။ ယင်းသည် ၂၀၂၀ ပြည့်နှစ် ဇွန်လနောက်ပိုင်း အနိမ့်ဆုံးမြင့်တက်မှုနှုန်းဖြစ်သည်။ မိမိတို့ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို အတူတကွ ရင်ဆိုင်ခဲ့ကြပြီး ဩစတြေးလျနည်းလမ်း အတိုင်း ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အယ်လ်ဘားနီးစ်က ဆိုသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဩစတြေးလျ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှု နှုန်းသည် ၃၂ နှစ်တာကာလ အတွင်း ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဆင်ဟွာ