ငြိမ်းချမ်းရေးဟာ လူသားလောကတစ်ခုလုံးအတွက် အင်မတန် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကို လူတိုင်းလိုချင်ပါတယ်

နေပြည်တော် ၁ ဖေဖော်ဝါရီ

ကျွန်တော်တို့က လူငယ်တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်တွေ သိစေချင်တဲ့အတွက် ဒီကိုရောက်လာခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ လူသားလောကတစ်ခုလုံးအတွက် အင်မတန် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကို လူတိုင်းလိုချင်ပါတယ်။

ငြိမ်းချမ်းရေးဟာ လူသားတစ်ရပ်လုံးအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိရှိခံစားကြဖို့၊ ကျွန်တော်တို့ မြို့နယ်ပြည်သူတွေ ငြိမ်းချမ်းရေး အသိစိတ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထဲထဲဝင်ဝင်သိရှိနိုင်ဖို့ ဒီကိုလာပြီးတော့ နားထောင်တယ်၊ ပြီးတော့ ထပ်ဆင့်ဖြန့်ဝေမှာဖြစ်ပါတယ်။ 

ဒီနေ့လေ့လာရေးခရီးစဉ်မှာ စုစုပေါင်း ၉၆ ဦး ပါဝင်ပါတယ်။ ဒီလူအင်အားဟာ ကောလင်းမြို့နယ်ရဲ့ နေရာ နယ်စုံကဖြစ်လို့ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့  ထဲထဲဝင်ဝင် သိရှိအောင်  မျှဝေဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့  နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနသို့ လာရောက်၍ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်ရွက်နေမှု ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးတင်ဆန်းမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ၎င်းရဲ့အမြင်များကို ဖြေကြားခဲ့ပါတယ်။

MDN