တီဟီရန် နိုဝင်ဘာ

အီရန်နိုင်ငံက ဆောင်ရွက်မည့်  ငြိမ်းချမ်းရေးကို အခြေခံသည့် နျူကလီးယားအစီအမံကို ပံ့ပိုးကူညီဆောင်ရွက်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆော့ပါဇက်ကီ ရန်က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားသည်။

နိုင်ငံအတွင်း  ဆောင်ရွက်မည့် နျူကလီးယားအစီအမံသည် နိုင်ငံသားများ လိုအပ်ချက်များနှင့်လူနေမှုဘဝများကို မြှင့်တင်မည့်အစီအမံဖြစ်ကြောင်းနှင့် နျူကလီးယားလက်နက်မြှင့်တင်မည့် အစီအမံမဟုတ်ကြောင်း  အီရန် သမ္မတ ကပြောကြားသည်။  အီရန်၏ နျူကလီးယားအစီအမံသည် နျူကလီးယားလက်နက်ထုတ်လုပ်ရေးအတွက်   ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊   အနောက်နိုင်ငံများ၏ ဝါဒဖြန့်မှုများရှိသည်ဟု   ၎င်းက ပြောသည်။ အီရန်အစိုးရအနေဖြင့် နိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မည်ဖြစ်ပြီး ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ် သက်သည့် နျူကလီးယားနည်းပညာများ ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ခြင်း ဖြစ် ကြောင်း သိရသည်။ အနောက်နိုင်ငံများသည် အချုပ်အခြာအာဏာပိုင်သည့် အီရန် အပါအဝင် ကမ္ဘာ့နိုင်ငံများအား ခေတ်မီနည်းပညာများ ရရှိသုံးစွဲခြင်းမှ ဟန့်တားရေး ဆောင်ရွက်နေကြောင်း အီရန်သမ္မတက ပြောသည်။ အီရန်အား နျူကလီးယား လက်နက်ထုတ်လုပ်ကြောင်း  အနောက်နိုင်ငံများက စွပ်စွဲနေပြီး အီရန်ကလည်း ၎င်း၏ နျူကလီးယားအစီအမံသည် ငြိမ်းချမ်းရေးကို   အခြေခံဆောင်ရွက်ကြောင်း တုံ့ပြန်ပြောသည်။  

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ