ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား ငြိမ်းချမ်းရေးလှုပ်ရှားမှု ရေယာဉ် ပခုက္ကူမြို့သို့ရောက်ရှိ

ပခုက္ကူ ၁၉ နိုင်ဝင်ဘာ
 
ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်သော နည်းလမ်းများ သိရှိစေရန်အတွက် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမဟာမိတ်အသင်း(ရန်ကုန်) မျက်မမြင်ကျောင်းမှ အမြင်အာရုံ မသန်စွမ်းသူများပါဝင်သော ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာထပ်ဆင့်ပွား ငြိမ်းချမ်းရေးလှုပ် ရှားမှုရေယာဉ်ကြီးသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ပခုက္ကူမြို့ ဆိပ်ကမ်းသို့ရောက်ရှိသည်။
 
ငြိမ်းချမ်းရေးရေယာဉ် ဆိုက်ရောက်ရပ်နားရာသို့ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးနှင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ပန်းစည်းကမ်းကြိုဆိုကြသည်။ ထို့နောက် ရေယာဉ်ပေါ်တွင် ၎င်းအဖွဲ့မှ ဦးခင်မောင်မြင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ငြိမ်းချမ်းရေး စကားဝိုင်းကျင်းပကြသည်။
 
ဆက်လက်၍ နေ့လယ် ၁ နာရီခွဲတွင် ပခုက္ကူမြို့၊ အထက(၂)၊ ပိတောက်ဆောင်ခန်းမ၌ ၎င်းအဖွဲ့မှ ငြိမ်းချမ်းရေးတွဲလက်များခေါင်းဆောင် ဦးသိန်းလွင်၊ သုံးရောင်ခြယ်ပြည်သူ့အကျိုးပြုလူမှုကွန်ယက်အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့် စာရေးဆရာ ဦးဇေယျမင်းသျှင်တို့က “တို့လိုချင်တဲ့ငြိမ်းချမ်းရေး နှုတ်ကဖွင့်ဟပြောကြားပေး” ခေါင်းစဉ်ဖြင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ဟောပြောဆွေးနွေးသည်။
 
၎င်းငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာထပ်ဆင့်ပွား ငြိမ်းချမ်းရေးလှုပ်ရှားမှုရေယာဉ်သည် ပခုက္ကူမြို့၌ တစ်ညတာရပ်နားရပ်နားပြီး ညပိုင်းတွင် ပခုက္ကူမြို့၊ မြစ်ဆိပ်အနီး ကုက္ကိုလှကျေးရွာကွင်းပြင်၌ ငြိမ်းချမ်းရေး တေးသီးချင်းများဖြင့် ပြည်သူများကို ဧည့်ခံဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
 
ကိုဇော်(ဓာတု)