လှိုင်းဘွဲ ၂၁ မတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် စေတနာဝန်ထမ်းများအား ယမန်နေ့က မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းရုံး၍ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကျန်းမာရေးမှုအသင်း စီမံချက်မန်နေဂျာ သက်ဝေထွန်းက ဌက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေး တာဝန်ခံ ဦးလွင်းမိုးက ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့်ပတ်သက်၍ အထူးသတိပြု ဆောင်ရွက်ကြရန်၊ ဌက်ဖျားရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကသည်။ ထို့နောက် တက်ရောက်လာသော စေတနာ ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)