ခတ္တမန္ဒူ ဇန်နဝါရီ ၆
နီပေါနိုင်ငံ၌ ငါးလအတွင်း တောရိုင်းတိရစ္ဆာန် တိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၈၃ ဦးသေဆုံး ပြီး ၅၉၉ ဦးဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက် တွင် ပြောကြားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ဒီဇင်ဘာလလယ်အတွင်း မြွေကိုက်ခံရမှုကြောင့် သေဆုံးသူ ၇၀ ရှိပြီး ၅၃၂ ဦးဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ဆင် တိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ ကြံ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦးရှိပြီး ၁၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။ ထို့ပြင် ကျားတိုက်ခိုက်မှုကြောင့် သေဆုံးသူ သုံးဦးရှိပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဝက်ဝံတိုက်ခိုက်မှုကြောင့် ၁၅ ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။
ဆင်ဟွာ