နေပြည်တော် ဇွန် ၈
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ သောတပန်ရပ်ကွက် သကျမီတာသီလရှင် စာသင်တိုက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက်ယန္တာရားကြီးများဖြင့် အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းပေးနေ မှုတို့ကိုလည်းကောင်း၊ ပိုးတန်းရပ်ကွက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှိ သုံးထပ်ဆောင်ကို ရှင်းလင်း နေမှုအခြေအနေများ၊ ရေသန့်စက်ထားရှိမည့် အဆောက်အအုံအသစ် ဆောက်လုပ် နေမှုအခြေအနေ များနှင့် စာသင်ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ မင်းလမ်းရပ်ကွက် ရတနာဗိမာန် ထူပါရုံရွှေကျောင်းတိုက်ရှိငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက် ယန္တာရားကြီးများဖြင့် အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းပေးနေမှုတို့ကို လည်း ကောင်း၊ စီတီးရပ်ကွက် ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး ၏ပရိဝုဏ်အတွင်း သာသနိကအဆောက် အအုံများ ဖယ်ရှားရှင်းလင်းပြီးစီးမှုအခြေ အအုံများ အနေများနှင့် စေတီတော်ကြီးပြန်လည် ပြုပြင်မွမ်းမံ တည်ဆောက်မည့် အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများ သည် ကျောက်ဆည်မြို့ ဘူတာဝင်းအတွင်း၌ Modular Container House ဖြင့်(ယာယီ) ရုံး ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ မီးရထားသံလမ်း တစ်လျှောက် အမှိုက်ကင်းစင်ရေးနှင့် အမှိုက်ပုံးများ စနစ်တကျထားရှိရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် မြစ်သားမြို့နယ် လမ်းခွ ကျေးရွာရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား)တွင် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ချည်မျှင်နှင့် ချည်ထည်များထုတ်လုပ်နေမှုအခြေ အနေများကို လည်းကောင်း၊ ကူမဲမြို့ရှိအခြေခံပညာအထက်တန်းကျောင်း(ကူမဲ) တွင် ယာယီကျောင်းဆောင် ဆောက်လုပ် ပြီးစီးမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းပတ်ဝန်း ကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်စေရေး တို့ကို တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် မြစ်သားမြို့နယ် အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီး သွားသော ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများနှင့် လူနေအဆောက် အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ်အထူး ဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေများနှင့် ကူမဲမြို့ရှိ ဂွေ့ကြီးဘုန်းကြီးကျောင်း၌ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်