နေပြည်တော် ဇွန် ၄

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော စီတီး ရပ်ကွက်ရှိ ရာဇမဏိစူဠာကောင်းမှု စေတီတော်မြတ်ကြီး၏ စေတီတော်ကြီး ကြံ့ခိုင်မှုနှင့် ရွှေထီးတော်ကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ပညာရှင်များက နိုင်ငံတော်ဩဝါဒါ စရိယ၊ ရွှေကျင် နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင် သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဇနာတရာက သာဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများကို ကောင်းမှု တော်ဘုရား သာသနာ့နယ်မြေအတွင်းရှိ သာသနာ့ဗိမာန်၌ ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူ ကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

 

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း မြို့ သောတပန်ရပ်ကွက်ရှိ သကျမီတာ သီလရှင်စာသင်တိုက်နှင့် စစ်ကိုင်း တောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော် တို့တွင် သာသနိကအဆောက်အအုံများ မိုးမကျမီ စက်ယန္တရားအင်အားများတိုးချဲ့ ၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်း နေမှုများကိုလည်းကောင်း၊ ပိုးတန် ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သုံးထပ်ကျောင်း ဆောင်အား မိုးမကျမီ စက်ယန္တရားကြီး များဖြင့် အရှိန်အဟုန်မြှင့်ဖယ်ရှားရှင်းလင်း နေမှုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုပေါင်း ပါင်းရှင်းလင်း ဖယ်ရှားနေမှုတို့ကို လည်းကောင်း၊ ထူပါရုံစေတီ၊ နန်းဦးမြို့သစ် မဟိယင်္ဂဏ စေတီတော်များကို ပြန်လည် ပြုပြင်မွမ်းမံတည်ဆောက်ခြင်းနှင့် ဖယ်ရှား ရှင်းလင်းပြီးစီးမှု အခြေအနေ များကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ( ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း မြို့ တကောင်းရပ်ကွက်ရှိ စကုမှော်ငလျင် ဘေးသင့်ပြည်သူများ စောင့်ရှောက်ရေး စခန်းသို့သွားရောက် ကာ စည်းကမ်းတကျ ရှိစေရေး တာဝန်ရှိသူများအား မှာကြား ခဲ့ပြီး ငလျင်ဘေးဒဏ်သင့် သံဃာတော် များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော် နည်လှည့်ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်ပေးနေ မှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုး အောင်နှင့် တာဝန်ရှိသူ များသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းများအတွက် Modular Contai-ner House များ ဆောက်လုပ်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ရေး မီး၊ မိလ္လာ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ မိသားစုများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက်မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနဝင်းအတွင်းရှိ အမှတ် ၆) ရေတွန်းစက်ရုံသို့ သွားရောက်၍ ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးစနစ်/ ဆိုလာမီး စနစ်ဖြင့် ရေပေးဝေနိုင်မှု အခြေအနေများကို လည်းကောင်း၊ ဝန်ထမ်းများအတွက် ထမ်မံဆောက်လုပ်မည့် Modular Con-tainer House များ ရောက်ရှိမှု အခြေ အနေနှင့် သယ်ယူရွှေ့ပြောင်းနေမှု အခြေ အနေများကိုလည်းကောင်း၊ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးသွားသော မန္တလေး မြို့တော်စည်ပင်ဝန်ထမ်းအိမ်ရာ တိုက်ခန်း များ ပျက်စီးမှု အခြေအနေများကို လည်းကောင်း၊ ၁ဝ၆ လမ်းပေါ်ရှိ ငလျင် ဒဏ်သင့် မန္တလေးမြို့တော်စည်ပင် ရဲဝန်ထမ်းများအတွက် Modular Con-tainer House များ ဆောက်လုပ်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ ရေ၊ မီး၊ မိလ္လာရရှိရေးအတွက် စီစဉ်ဆောင်ရွက် နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသည်။

 

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့် နိုင်နှင့် တာဝန်ရှိသူများသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်ရှိတိုင်းရင်းဆေး တက္ကသိုလ်သို့ သွားရောက်၍ တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခ ချုပ်က ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ပင်မဆောင်အား လိုက်လံ ရှင်းလင်းပြသပြီး ထိခိုက်ပျက်စီးခဲ့သော ဌာနများရှိ အခန်းများ အား တပ်မတော် သားစစ်သည်များက အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း၊ အမရဌာနီအရှေ့ရပ်ရှိ ဝေါင်းတော်ရ ဆုတောင်းပြည့်မြတ်စွာဘုရား၊ ရေနား ပရိယတ္တိစာသင်တိုက်တို့တွင် ငလျင်ဒဏ် သင့်ပြီး ထိခိုက်ပျက်စီးခဲ့သော နှစ်ထပ် ကျောင်းဆောင်အား ကြည့်ရှုစစ်ဆေး ပြီး အပျက်အစီးများကို အဖွဲ့အစည်း အသီးသီးမှု အင်တိုက်အားတိုက်ရှင်းလင်း ဖယ်ရှားနေမှုများကို လည်းကောင်း ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာ တော်ကြီးအား အလှူငွေများ ဆက်ကပ် လှူဒါန်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် အမရပူရမြို့နယ် အိုးတော်ရပ်ကွက်ရှိအောင်ချမ်းသာဘုရား သို့သွားရောက်၍ ဂန္ဓကုဋိတိုက်အား စက်ယန္တရားကြီးများအသုံးပြု၍ အင်တိုက် အားတိုက် ရှင်းလင်းဖယ်ရှားနေမှုအခြေ အနေများကိုလည်းကောင်း၊ တောင်ကြီး ရပ်ရှိ ရွှေရင်းရဲ မြတ်စွာဘုရားနှင့် ချမ်းမြ သာစည်မြို့နယ် တမ္ပဝတီရပ်ကွက်ရှိရှင်လွန်းမယ်ဘုရားတို့သို့ ရောက်ရှိ၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား စက်ယန္တရားများနှင့် တပ်မတော်သားစစ်သည်များက ရှင်းလင်း ဖယ်ရှားနေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့် နိုင်နှင့် တာဝန်ရှိသူ များသည် ကျောက်ဆည် မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံ အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက် ခြင်းနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိသော အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ၊ မြို့မိ မြို့ဖများနှင့် ဒေသင်္ခ ပြည်သူများအား သွားရောက် ကြည့်ရှုခဲ့ပြီး စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုများ စုပေါင်းလုပ်အားပေးကို ကြည့်ရှုအားပေးကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

 

ဆက်လက်ပြီး ကျောက်ဆည်မြို့ နည်းသွားတာကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် စာမေးပွဲဖြေဆိုမှုအား အစားထိုးပြန်လည် ဖြေဆိုနေသော ကျောင်းသား ကျောင်းသူ များကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဘာသာရပ်အလိုက် ဌာနမှူးများအားတွေ့ဆုံ၍ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောအဆောက်အဦများအား ပြန်လည်ပြုပြင်ပြီးစီး၍ ကျောင်းသား ကျောင်းသူများ အဆင်ပြေကောင်းမွန်စွာ တက်ရောက်ပညာသင်ကြားနေမှု အခြေ အနေများနှင့် လက်တွေ့စမ်းသပ်ခန်းများ တွင် လေ့ကျင့်ဆောင်ရွက်နေမှုအခြေ အနေများကိုလည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးဝင်းအတွင်း ၌ Modular Container House များဖြင့် (ယာယီ) ရုံးဆောက်လုပ်ပြီးစီးမှု အခြေ အနေများနှင့် ရုံးလုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်