ရန်ကုန် မေ ၁
မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ်သင့် ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ မက်သဒစ်အင်္ဂလိပ်အသင်းတော် ဘုရားရှစ်ခိုးကျောင်း၌ ကျင်းပသည်။
ဆုတောင်းခြင်းအစီအစဉ်သို့ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်ချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီ အဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဉီးစောထွန်းအောင်မြင့်နှင့် အဖွဲ့၀င် ဒေါက်တာမောင်မောင်နိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ၀န်ကြီး ဉီးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့၀င်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဉီးစောထွန်းအောင်မြင့်က အမှာစကားပြောကြားသည်။
ထို့နောက် အစီအစဉ်အတိုင်း သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဓမ္မဒေသနာရွတ်ဖတ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းတို့ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးစကားများ ပြောကြားကြသည်။
ယင်းနောက် မန္တလေးငလျင်ကြောင့် ငလျင်ဘေးသင့်ပြည်သူများအပါအ၀င် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ စေတနာရှင်အလှူရှင်များ၊ အသင်းတော်အဖွဲ့အစည်းအသီးသီးတွင် ကူညီဆောင်ရွက်ပေးကြသူများ၊ ဆေးအဖွဲ့များ၊ ပြန်လည်ထူထောင်ရေးအတွက် ပါ၀င်ကူညီပံ့ပိုးပေးကြသူများ၊ သဘာဝဘေးအခက်အခဲကြုံ တွေ့တိုင်း ပေးလှူကူညီခဲ့ကြသည့် အလှူရှင်များ၊ အမိမြန်မာပြည်နှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်း မေတ္တာများပို့သကြသည်။
(သတင်းစဉ်)