မန္တလေး ဧပြီ ၂၁
မတ် ၂၈ ရက်က မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ စေတနာရှင် ပြည်သူများက အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းမှုအနေဖြင့် မြန်မာပြည်သူများအတွက် ထိုင်းပြည်သူများ၏ အားဖြည့်မှု၊ ထိုင်း နိုင်ငံမှ လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများကို ထိုင်းနိုင်ငံ Royal Thai Air Force မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်