တိုကျို ဇန်နဝါရီ ၉
ဂျပန်ဝန်ကြီးချုပ်က ဂျပန်ကမ်းရိုးတန်းတွင် တည်ရှိသည့် အီရှီကာဝါ ခရိုင် နိုတိုကျွန်းဆွယ်၌ လှုပ်ခဲ့သည့် အဖျက်စွမ်းအားကြီးမားသည့်နှစ်သစ်ငလျင်ဒဏ်မှ ရှင်သန် ကျန်ရစ်သူများအတွက် ခိုလှုံရေး စခန်းများ ပိုမိုတည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ငလျင်ဒဏ်ခံ ဒေသများရှိ လူနေထိုင်မှု အဆင့်အတန်းများမှာလည်း တိုးတက်သင့်ကြောင်း ကီရှီဒါဖူမီယိုက ပြောကြားသည်။
ဇန်နဝါရီ ၉ ရက်က ကျင်းပခဲ့သည့် ဂျပန်အစိုးရ အရေးပေါ် ဘေးဒုက္ခသည်များဆိုင်ရာလုပ်ငန်း အစည်းအဝေးတွင် ကီရှီဒါက ပြောခဲ့သည်။
ငလျင်ကြောင့် လူတချို့မှာ ပျောက်ဆုံးလျက်ရှိကြောင်း၊ တစ် ယောက်ချင်းစီကို ကယ်တင်ပေးရန် လိုသေးကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်ရန်လိုသေးကြောင်း ၎င်းက ပြောသည်။ ထို့အပြင် သီးခြားရှိနေသည့် ငလျင် ဒဏ်ခံ ဒုက္ခသည်များအတွက် လည်း ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း ကီရှီဒါက ပြောသည်။
လက်ရှိဖွင့်လှစ်ပေးထားသော ငလျင်ဒုက္ခသည် စခန်းများရှိ သန့်ရှင်းရေး စနစ်များမှာလည်း ယိုယွင်းပျက်စီးလျက်ရှိကြောင်း နှင့် စိုးရိမ်မှုများလည်း ကြီးထွားလျက်ရှိကြောင်း၊ ငလျင်လှုပ်ခဲ့ သော ခရိုင်တွင်းနှင့်ခရိုင်ပြင်ပများတွင် ခိုလှုံရေးစခန်းများ ပိုမို လုပ်ဆောင်ပေးရန်လည်း ဝန်ကြီး ချုပ်က တိုက်တွန်းခဲ့သည်။ အများပြည်သူဆိုင်ရာ အဆောက်အအုံနေရာထိုင်ခင်းများနှင့် တည်းခို ခန်းများကိုလည်း အသုံးပြုသင့်ကြောင်း ၎င်းကပြောသည်။
နေထိုင်မကောင်း ဖြစ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် တခြား ငလျင်ဒဏ် ဆိုးရွားစွာခံစားနေရသူများကို ထိပ်တန်းဦးစားပေးအနေဖြင့် လုပ်ဆောင်သင့်ကြောင်း နှင့် ပိုမိုပြည့်စုံကောင်းမွန်သည့် နားခိုရာစခန်းများသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း ဝန်ကြီးချုပ် က ပြောသည်။
ကျန်းမာရေး ကျွမ်းကျင်သူများကိုလည်း ငလျင်နားခိုရေးစခန်းများတွင် ပိုမိုဖြည့်ဆည်း တာဝန် ပေးသင့်ကြောင်းနှင့် နေထိုင်မကောင်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့မှ ကာကွယ်ရန်အတွက် အပူပေး ပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများကို မြန်မြန်ဆန်ဆန်ဖြန့်ဝေပေးရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အစိုးရသည် ငလျင်ဒဏ်ခံစားနေရသူများ အလုပ်ဆက်လက်ရရှိရေးလည်း ကူညီပေးသွားမည် ဖြစ်ကြောင်းနှင့် ငလျင်ဒဏ်ခံစားနေရသူများ ကြုံတွေ့ခံစားနေရသည့် အခက်အခဲများကိုလည်း ဖော်ပြခဲ့သည်။ သက်ဆိုင်ရာ အစိုးရအေဂျင်စီများသည် ငလျင်ဒဏ်ခံစားနေရသူများနှင့် အနီးကပ် ဆက်သွယ်ဆောင်ရွက်ရန် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်။
အင်န်အိတ်ချ်ကေ