လှည်းကူး    ၁၇    ဩဂုတ်


ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ သြဂုတ် ၁၆ ရက် နံနက်(၁၁)နာရီခွဲအချိန်က ပြည်တော်သာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးခင်သိန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူလေးများအား ငလျင်နှင့်အခြားသောသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ချက်ချင်းထွက်ခွာနိုင်အောင် ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် အသိပညာပေး သရုပ်ပြဆာင်ရွက်ခဲ့သည်။ 


လက်တွေ့သရုပ်ပြဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင် ဦးဆောင်၍ ၉ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်(၅)ဦးတို့က ရှာဖွေကူညီကယ်ဆယ်ရေးဆောင်ရွက်ပုံနည်းလမ်းများ၊ လူနာကယ်ဆယ်ခြင်း၊ လူနာပြုစု စောင့်ရှောက်ခြင်းနှင့် လူနာထမ်းနည်းများကို  လက်တွေ့လေ့ကျင့်ဆောင်ခဲ့ကြကြောင်း သိရသည်။


 နိုင်လင်း(လှည်းကူး)