လေးမျက်နှာ ဇူလိုင် ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်မြစ်ဘေးနေထိုင်သူများနှင့် ရေချိုအင်းများပတ်ဝန်းကျင်တွင် နေထိုင်သူများအား ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်နှင့် လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လဲ့လဲ့အောင်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှုများမပြုလုပ်ကြရန် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့သည်။

 

mnd

 

မြို့နယ်အတွင်းရှိ ငါးသယံဇာတထိန်းသိမ်းရေးဇုန်(၁)နှင့် (၂)သို့ သွားရောက်ပြီး ရေလုပ်သားများနှင့် တွေ့ဆုံကာ ထိန်းသိမ်းရေးဇုန်မပြုလုပ်မီနှင့် ပြုလုပ်ပြီး ငါးအထိအမိ၊ ငါးအမျိုးအစားနှင့် ငါးအရွယ်အစားများ မေးမြန်းကာ ယခုကာလသည် ငါးရစ်ငါးသန်ကာလဖြစ်သောကြောင့် ငါးများမိတ်လိုက်ဥချ သားပေါက်သည့်ရာသီချိန်ဖြစ်သဖြင့် လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းမပြုရန်၊  ဆေးချငါးဖမ်းခြင်းမပြုရန်၊ မိုင်းခွဲငါးဖမ်းခြင်းမပြုရန် တားမြစ်ချက်များပါဝင်ပြီး အဆိုပါတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်မိပါက ရေချိုငါးလုပ်ငန်းဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားကာ ငါးရစ်ငါးသန်ကာလဖြစ်သော မေ၊ ဇွန်၊ ဇူလိုင်လများတွင် ငါးဖမ်းဆီးမှုများမရှိစေရေးအတွက် ယင်းဆယ်အင်း၊ ကရင်ဆယ်အင်းနှင့် လှော်ကထားချောင်းများအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထို့နောက် ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FDA) ၏ ပံ့ပိုးမှုဖြင့် ငါးမဖမ်းရသည့်ကာလအတွင်း ရေလုပ်သားများ ဝင်ငွေရရှိစေရန် အိုင်သပြုကျေးရွာ သခင်ဖိုးလှကြီးရပ်ကွက်တွင် လုပ်ကိုင်လျက်ရှိသော ကြိမ်ထိုးခြင်းဖြင့် လူသုံးကုန်ပစ္စည်းလုပ်ငန်း လုပ်ကိုင်နေမှုများအား ဝင်ရောက်လေ့လာခဲ့ကြသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)

 

mnd