နေပြည်တော် ၂၆ ဖေဖော်ဝါရီ

 

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO Daewoo Corporation (Myanmar E&P) မှ ဆောင်ရွက်လျက်ရှိသော ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းနှင့် သက်ဆိုင်သည့် Pipeline Free Span Rectification လုပ်ငန်းများအား ရွှေပလက်ဖောင်းမှ near shore Kyaukphyu တစ်လျှောက် MV. PACIFIC RAPIER ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

 

အဆိုပါဆောင်ရွက်သွားမည့် တည်နေရာ ဧရိယာများဖြစ်သော Point A တွင် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၉ မိနစ် ၂၃.၈၉၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၈ မိနစ် ၅၀.၂၉၂ စက္ကန့်၊ Point B တွင် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၆ မိနစ် ၂၅.၅၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၉ မိနစ် ၅၅.၂၄၈ စက္ကန့်၊ Point C တွင် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၅ မိနစ် ၃၀.၇၉၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၉ မိနစ် ၃၃.၀၀၀ စက္ကန့်နှင့် Point D တွင် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၈ မိနစ် ၂၅.၆၀၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၈ မိနစ် ၂၆.၇၈၄ စက္ကန့်တို့ အတွင်းတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

 

သို့ဖြစ်ရာ Pipeline Free Span Rectification လုပ်ငန်းများအား ရွှေပလက်ဖောင်းမှ near shore Kyaukphyu တစ်လျှောက် MV. PACIFIC RAPIER ရေယာဉ်ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါလုပ်ငန်းခွင်ဧရိယာမှ () ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထား၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် အသိပေးကြေညာထားသည်။

 

MDN