နေပြည်တော် ၂၆ ဖေဖော်ဝါရီ

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီမှ ကမ်းလွန်လုပ်ကွက် အမှတ် A-6 တွင် Metocean Survey လုပ်ငန်းများအား MV. PACIFIC PATRIOT ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါဆောင်ရွက်သွားမည့် တည်နေရာ ဧရိယာများဖြစ်သော Point Deep Site 1 (Current mooring) တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၆ မိနစ် ၃၉.၇၄၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၂ မိနစ် ၃၀.၅၆၁ စက္ကန့်၊ Pointe Deep Site 1(DWR mooring) တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၅ မိနစ် ၃၇.၉၅၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၂ မိနစ် ၀၆.၂၅၃ စက္ကန့်၊ Point Mid-Shallow Site 2(Wave Scan mooring)တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၇ မိနစ် ၁၄.၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၀၅ မိနစ် ၂၀.၄ စက္ကန့်၊ Point Mid-Shallow Site 2(Current meter)တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၇ မိနစ် ၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၀၅ မိနစ် ၂၀.၄ စက္ကန့်၊ Point Shallow Site 3(Current meter)တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် ၃၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၃ မိနစ် ၅၁ စက္ကန့်၊ Point Rise Site 4(Current meter)တွင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၀၁ မိနစ် ၂၉.၁၇၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၆ မိနစ် ၃၇.၈၇၃ စက္ကန့်နှင့် Point Slope Site 5(Current meter)တွင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၀၁ မိနစ် ၃၇.၉၈ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒီဂရီ ၀၀ မိနစ် ၃၃.၉၃၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၄ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ 

သို့ဖြစ်ရာ ကမ်းလွန်လုပ်ကွက် အမှတ် A-6 တွင် Metocean Survey လုပ်ငန်းများအား MV. PACIFIC PATRIOT ရေယာဉ်ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ (၄) ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထား၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် အသိပေးကြေညာထားသည်။

MDN