နေပြည်တော် အောက်တိုဘာ ၂၂
ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား “ငါးလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ရရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်” အရ ဆောင်ရွက် မည့် သုတေသနဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ Grand Jade Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အာဟာရပြည့်ဝသည့် ငါး၊ ပုစွန်နှင့်ရေထွက်ကုန်များကို ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးနှင့် ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ငါးလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ထိရောက်သော ငါးလုပ်ငန်းများ စီမံခန့်ခွဲမှုတွင် ငါးသယံဇာတ အရင်းအမြစ်များ၏ ကျက်စား ရာနေရာများကို ထိန်းသိမ်းခြင်း၊ သုတေသနလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ငါးလုပ် ငန်းရှင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်စေရေး ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး က ရေလုပ်ငန်းကဏ္ဍသည် လူတန်းစားအလွှာအသီးသီး၏ စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝရေး၊ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေးကိုများစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ ရေသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် ရေရှည်အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ပင်လယ်ရေပြင်သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Blue Ocean Economy စံနှုန်းများ၊ ရေသယံဇာတများကို ရေရှည်တည်တံ့စေရန် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးနှင့် ညွန်ကြားရေးမှူးများ၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခဌာနမှူး ဒေါက်တာချယ်ရီအောင်နှင့် တာဝန်ရှိသူများက ငါးလုပ်ငန်းဆိုင်ရာ သုတေသနဆောင်ရွက်မည့် အစီအစဉ်များကို လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးလှသန်း နှင့် လုပ်ငန်းရှင် များက ငါးလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ရန်ပုံငွေထူထောင်မှုလုပ်ငန်းဆိုင်ရာများကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်