ဘားအံ ဇူလိုင် ၇
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ၈ နာရီက ဘားအံမြို့နယ် တောင်သူကုန်ကျေးရွာအနီးရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ငါးမွေးမြူရေးကန်နှင့် ငါးသားပေါက်စခန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဈေးကွက်သို့တင်ပို့နိုင်ရေး
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဦးစောအောင်မြင့် တင်၏ အစုအဖွဲ့ငါးမွေးမြူရေးကန် ရှင်းလင်းဆောင်၌ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးစုံမိုင်းနှင့် တာဝန်ရှိသူ များက ငါးမွေးမြူရေးဧရိယာ ၇၄ ဒသမ ၈၈ ဧကတွင် ငါးမွေးမြူ ရေးကန်ခြောက်ကန်၌ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးမုတ်၊ ငါးသိုင်းခေါင်းပွ၊ တီလားပီးယား၊ ရွှေဝါငါးကြင်း စုစုပေါင်းငါးသားပေါက်ကောင်ရေ ၁၈၅၀၀၀ အား ထည့်သွင်းမွေးမြူ ထားရှိပြီးဖြစ် ကြောင်း၊ ငါးမွေးမြူရေးကန်များမှ ထွက်ရှိသည့် ငါးများအား ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငါးမွေးမြူရေးကန်များ၌ ငါးများ တိုးချဲ့မွေးမြူ၍ တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံပါက အခြားဒေသများသို့ပါ တင်ပို့ ရောင်းချနိုင်ရေး ရေရှည်ရည်မှန်းချက်ထားရှိဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ငါးမွေးမြူရေး လုပ်ငန်းနှင့် တစ်ဆက်စပ်တည်း ဘဲများကိုပါ မွေးမြူနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး ငါးမွေးမြူရေးကန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ် တောင်သူ ကုန်ကျေးရွာ အနီးရှိ ဘားအံငါးသားဖောက်စခန်းသို့ ရောက်ရှိပြီး ငါးသားဖောက်စခန်းရှင်းလင်း ဆောင်၌ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် စခန်းတာဝန်ခံများက ငါးသား ဖောက်စခန်းဧရိယာ ၄၆ ဒသမ ၃၈ ဧကရှိ ငါးမွေးမြူရေးကန်များ၌ ငါးခုံးမကောင်ရေ ရှစ်သိန်း၊ ငါးမြစ်ချင်းကောင်ရေ သုံးသိန်း တို့ကို ငါးမျိုးပြုစုထားရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ငါးမျိုးစိုက်ထည့်ရန် လျာထားမှုမှာ စုစုပေါင်း ၁၃ သိန်းဖြစ်ပြီး ဘားအံ ငါးသားဖောက်စခန်းမှ ရှစ်သိန်းနှင့် ကျုံဒိုးငါးသားဖောက်စခန်းမှ ငါးသိန်း ထုတ်လုပ်ရန် လျာထားကြောင်း၊ ယနေ့အချိန်ထိ မျိုးစိုက်ထုတ်ပြီးစီးမှုမှာ ဘားအံ ငါးသားဖောက် စခန်းမှ သုံးသိန်းနှင့် ကျုံဒိုးငါးသားဖောက် စခန်းမှ နှစ်သိန်း စုစုပေါင်း ငါးသိန်း မျိုးစိုက်ထည့်ပြီးဖြစ် ကြောင်း၊ ထို့အတူ ဒေသခံပြည်သူများသို့လည်း ငါးသားပေါက်များ ဖြန့်ဖြူးပေးလျက် ရှိပါကြောင်း ရှင်းလင်း တင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးသားဖောက်စခန်း၌ ငါးသား ဖောက်ထုတ်လုပ်နေမှု အခြေအနေနှင့် မျိုးငါးများပြုစု မွေးမြူထားသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု၍ ငါးသားပေါက်များ တိုးချဲ့ထုတ်လုပ်ပြီး များများဖြန့်ဖြူးပေးနိုင်ရေး မှာကြားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)