၂၇ ဇူလိုင်
ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲနှင့် ဘားအံမြို့၊ ကန်သာယာကန်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်တွင် ဘားအံမြို့ ကန်သာယာကန်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ငါးမွေးတောင်သူ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ငါးမွေးတောင်သူ ကိုယ်စားလှယ်များအား ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁၁၄၆၆၀) ကောင်အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများမှ ကန်သာယာကန်အတွင်း ငါးမြစ်ချင်းကောင်ရေ (၈၀၀၀၀) နှင့် ငါးခုံးမကြီးကောင်ရေ (၂၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀) မျိုး စိုက်ထည့်ပေးခဲ့ပါကြောင်း သတင်းရရှိခဲ့သည်။
MDN


