ရန်​ကုန်​  ၂၉  ဇွန်​

ရန်​ကုန်​တိုင်း​ဒေသကြီး ​တောင်​ဥက္ကလာပမြို့နယ်​(၁၅)ရပ်​ကွက်​ ဘေလီတံတားအနီးရှိ ပါရမီလမ်းနှင့် ရွှေပြည်​ခိုင်​ညာလမ်းငမိုးရိပ်​ချောင်း (​တောင်​ဥက္ကလာပဘက်​ခြမ်း)တွင်​​ ဆောင်​ရွက်​​နေ​သော ကမ်းပြိုကာကွယ်​​ရေး​ လုပ်​ငန်းသည်​ (၆၀) ရာခိုင်​နှုန်းကျော်​ ပြီးစီးလာပြီး သြဂုတ်​လကုန်​ပိုင်း အပြီး​​ဆောင်​ရွက်​နိုင်​ရန်​ လျာထား​ကြောင်း ရန်​ကုန်​တိုင်းဒေသကြီး​ ရေအရင်းအမြစ်​နှင့် မြစ်​ချောင်းများ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန​ ဒေသ(၁) မှသိရသည်​။

 

"ဒီစီမံကိန်း အခု​ဆောင်​ရွက်​​နေတာ လုပ်​ငန်းပြီးစီးမှုအ​နေနဲ့ ၆၀ ရာခိုင်​နှုန်း ကျော်​လာပြီ​ပေါ့။ စီမံကိန်းအားလုံးပြီးစီးဖို့ကို​တော့ လာမဲ့သြဂုတ်​လအပြီး​ ဆောင်​ရွက်​နိုင်​ဖို့ လုပ်​​ဆောင်​​နေပါတယ်​၊ ဒီလိုကမ်းပြိုတဲ့အ​ကြောင်းက ရေနက်​စီး​ကြောင်းရှိတဲ့အတွက်​ ကမ်းတစ်​ဖက်​တစ်​ချက်​မှာ Basic Level တိုက်​စားခံရတာပါ၊ မြစ်​​ကွေးရဲ့အပြင်​ဘက်​မှာ ကမ်းတွေရှိ​နေတာ​တွေ​ကြောင့်တိုက်​စား ခံရတာပါ၊မြေသားညံ့တဲ့​ နေရာ​တွေမှာလည်း တိုက်​စားခံရတာပါ၊ ဒီ​နေရာ​တွေကို ကွန်​ကရစ်​ပစ္စည်းတွေ အသုံးပြုပြီး လုပ်​​နေတယ်​၊ ဒါ​တွေကို​ ရေရှည်​တည်​တံ့ဖို့က ကမ်းပါး​တွေကို ထိန်းနိုင်​မဲ့ ဒီ​ရေ​​တော အပင်​​တွေ စိုက်​ပျိုးသွားဖို့ရှိတယ်​၊ ပတ်​၀န်းကျင်​အ​နေနဲ့ကလည်း ဒီလိုကမ်းပါးထိန်းဆောင်​ရွက်​ထားတဲ့​ နေရာ​တွေမှာ အမှိုက်​​တွေမပစ်​ဖို့ သတိ​ပေးလိုတယ်​၊အမှိုက်​​တွေ စွန့်ပစ်​ပစ္စည်းတွေ​ကြောင့် ကြွက်​​တွေ လာ​အောင်းမယ်​​မြေကြီး​တွေကို ကြွက်​​ဖောက်​မယ်​ဆိုရင်​ တွင်းတွေ ဂလိုင်​​တွေဖြစ်​ပြီး ကြာရှည်​လာရင်​​တော့ ကမ်းပြိုမှုကို အား​ပေးရာ​ရောက်​ ပါတယ်​"ဟု ရန်​ကုန်​တိုင်းဒေသကြီး​ ရေအရင်းအမြစ်​ နှင့်မြစ်​​ချောင်းများ ဖွံ့ဖြိုး တိုးတက်​​ရေးဦး စီးဌာန၊ ​ဒေသ(၁) မှ ဒုတိယညွှန်​ကြား​​ရေးမှူး ဦး​ကျော်၀င်းလှိုင်​က​ပြောသည်​။

 

ထိုစီမံကိန်းကို ရေအရင်းမြစ်​နှင့် မြစ်​​ချောင်းများ ဖွံဖြိုးတိုးတက်​​ရေးဦးစီးဌာန၏ ကြီးကြပ်​မှုဖြင့် တင်​ဒါ​အောင်​မြင်​​သော စံညွှန်းသစ်​ ကုမ္ပဏီမှ တာ၀န်​ယူ​ကာ ယခုနှစ်​ မတ်​လ ၁၀ ရက်​​နေ့မှစတင်​ပြီး သြဂုတ်​လကုန်​ပိုင်း အပြီး​ဆောင်​ရွက်​ရန်​ လျာထား​ကြောင်းကြောင်း သိရသည်​။ ထိုကမ်းပြိုကာကွယ်​​ရေး စီမံကိန်းသည်​ ဘိုးပိုင်​အ​ခြေပြု ​ကျောက်​စီ​မြေထိန်းနံရံတည်​​ဆောက်​​ရေးစီမံကိန်းဖြစ်​သည်​။

 

​တောင်​ဥက္ကဌလာပ မြို့နယ်​ (၁၅)ရပ်​ကွက်​ ​ဘေလီတံတား ​ရွှေပြည်​ခိုင်​ညာလမ်း အနီးမှ အလျား ၁၂၇၅ ​ပေ ရှည်​ကို​ တင်​ဒါ​အောင်​သည့် တန်​ဖိုးကုန်​ကျ​ငွေသည်​ ကျပ်​သန်း( ၁၂၀၅) သန်းကုန်​ကျ​မည်​ဖြစ်​ကြောင်း သိရသည်​ထိုစီမံကိန်း ပြီးစီးလျင်​ ငမိုးရိပ်​​ချောင်းနှင့် ထိစပ်​​နေ​သော  ​တောင်​ဥက္ကလာပမြို့နယ်​ (၁၅)ရပ်​ကွက်​နှင့် ချောင်းကမ်းတစ်​​လျောက်​ ​နေရာများသည်​ ​ရေကြီး​ရေလျှံမှုများ ကို​လျှော့ချ ကာကွယ်​နိုင်​ပြီး ကမ်းသာယာမှုနှင့်အတူ  ပြည်​သူများအ​နေဖြင့် ငမိုးရိပ်​​ချောင်းတစ်​​လျောက်​ လမ်းလျောက်​ခြင်း/ကိုယ်​လက်​​ လေ့ကျင့်ခန်းများ​ ဆောင်​ရွက်​ခြင်း/အပန်းဖြေခြင်းလေ​ကောင်းလေသန့် ရရှိ​စေမည့် ​ဖြစ်​​ကြောင်း သိရသည်​။

 

လက်​ရှိတွင်​ ငါမိုးရိပ်​​ချောင်း၌ ​ဆောင်​ရွက်​​နေ​သော ကမ်းပြိုကမ်းစား ကာကွယ်​​ရေးလုပ်​ငန်းများသည်​ ရန်​ကုန်​တိုင်းဒေသကြီး​ ရေအရင်းအမြစ်​နှင့် မြစ်​​ချောင်းများဖွံ့ဖြိုး တိုးတက်​​ရေးဦး စီးဌာန၊ ​ဒေသ(၁)၏ ငမိုးရိပ်​​ချောင်းအတွင်း တတိယနှစ်​ ​ကွေ့ ၅ ​ကွေ့ စီမံချက်​မှ စီမံကိန်းတစ်​ခုအပါ၀င်​ဖြစ်​​သည်​။

 

အဆိုပါ ကျန်​​ရှိကွေ့များတွင်​လည်း ကမ်းပြိုကာကွယ်​​ရေး လုပ်​ငန်းများ​ဆောင်​ရွက်​​နေကြောင်း သိရသည်​။

 

ထိုကွေ့(၅)ကွေ့ပြီးစီးလျှင်​ ​ကွေ့​ပေါင်း(၁၅ ​)ကွေ့ပြီးစီးမည်​ဖြစ်​ပြီး ထပ်​မံကျန်​ရှိ​နေ​သော ​ကွေ့( ၁၀ ​)ကွေ့ကို လာမည့်နှစ်​များတွင်​ ဘတ်ဂျက်​​ငွေရရှိမှု​ပေါ်မူတည်​၍ ဆက်​လက်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓာတ်ပုံ-မျိုးကြီး