ငါန်းဇွန် ၆ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ အလင်းသစ်လူငယ်စာပေအဖွဲ့မှ စာပေစကားဝိုင်း ကျင်းပသည်။
အဆိုပါစာပေစကားဝိုင်းတွင် မြို့ပေါ်ရပ်ကွက်အသီးသီးမှ အလင်းသစ်လူငယ်စာပေ အဖွဲ့ဝင် ၉ ဦးက “စာဖတ်ပြမယ် ဆွေးနွေးကွယ်” ခေါင်းစဉ်ဖြင့် ဆရာမောင်သာချို၏ “ရေကြည်ပြီးတော့ မြက်နုစေချင်လို့” စာအုပ်အား မောင်ဟန်ငြိမ်းအောင်က ဖတ်ပြဆွေးနွေးပြီး “တန်ဘိုးရှိတဲ့ အရာတိုင်းကို တန်ဘိုးထားသလား၊ တန်ဘိုးထားသည့်အရာသာ တန်ဘိုးရှိသလား” ဟူသော မေးခွန်းအားလည်းကောင်း၊ “ကမ္ဘာကြီးကို ပြောင်းလဲချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲပါ” ၏ ဆိုလိုချက်ကိုလည်းကောင်း တစ်ဦးချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)