ငါန်းဇွန် ၂၂ ဇွန်
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဆင်တပ်ကျေးရွာအုပ်စု ရဲပဒိုင်းကျေးရွာ၌ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၅)မှ တာဝန်ယူတည်ဆောက်လျှက်ရှိသော ကွန်ကရစ်ပိုင်အခြေပြုကျောက်စီတမံ ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးမှုအား ဇွန် ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေ(၈၄ ဒသမ ၆) သန်းဖြင့် ကွန်ကရစ်ပိုင်အခြေပြုကျောက်စီတမံ အလျား (၃၇၅)ပေနှင့် ပေ(၄၀)ပြုပြင် ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ဒိုင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန်း၊ ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြိုင်၊ ဦးဆန်းဝင်း(Third Party)နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)