ငါန်းဇွန် ၁၇ ဇန်နဝါရီ
ငါန်းဇွန်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် မြစ်ကမ်းပါးပြိုမှုအန္တရာယ်မှ ကာကွယ်နိုင် ရေးအတွက် ကမ်းထိန်းသစ်ပင်များစိုက်ပျိုးရန် မြေနေရာများကို ဇန်နဝါရီ ၁၆ရက် နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှု ဆောင်ရွက်ကြရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်၊ မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ဌေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မိုးမြင့်၊ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဦးစီးအရာရှိ ဦးသန်းဖေ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလူမြင့်တို့သည် မြစ်ကမ်းပါးပြိုကျမှုအန္တရာယ် ငါန်းလွှန့်ကျေး ရွာအုပ်စုအနီး မြစ်ကမ်းဘေးတွင်လည်းကောင်း၊ ဆင်တပ်ကျေးရွာအုပ်စုအတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာ များတွင်လည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ကမ်းထိန်းသစ်ပင်များ စိုက်ပျိုးရန်မြေနေရာများ လျာထားသတ်မှတ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)