နေပြည်တော် ၁၁ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းလုပ်ကွက်(၂)၌ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက ဆောက်လက်စ အဆောက်အဦပြိုကျ၍ အမျိုးသား ၆ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တရုတ်နိုင်ငံ ပေါင်ရှမ်းပြည်နယ်မှ လာရောက်ဖွင့်လှစ်သည့် Power China Construction Co., Ltd အတွက် ကန်ထရိုက်ပေးထားသော Silohydro Dureau-14 Co.Ltd ဆောက်လုပ်ရေးတာဝန်ခံ တရုတ်နိုင်ငံသား Song Zhong Lei ဦးဆောင်၍ ပေါက်မြို့နယ်၊ စွန်ဆိပ်ကုန်းကျေးရွာနေ အေးကို(၂၇)နှစ်ပါ မြန်မာနိုင်ငံသား ၁၅ ဦးတို့ဖြင့် အလျား ၂၈၀ ပေ၊ အနံ ၁၁၀ ပေ၊ အမြင့် ၂၄ ပေခန့်ရှိ ပစ္စည်းသိုလှောင်ဂိုထောင်အား ဆောက်လုပ်နေစဉ် အောက်ခြေဖောင်ဒေးရှင်း မခိုင်ခန့်မှုကြောင့် သံဖရိန်များပြိုကျခဲ့ရာ အေးကိုပါ ၆ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မြို့သာတိုက်နယ်ဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင် ကုသလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား