ငါန်းဇွန် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိကျေးရွာများ၌ ဩဂုတ်လဒုတိယပတ်မှစ၍ ဧရာဝတီ မြစ်ရေ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ငါန်းဇွန် မြို့ရှိ ဒေသခံများထံမှ သိရသည်။

ငါန်းဇွန်မြို့နယ် ရေလည်သောင်း၊ လင်ကာဒီပ၊ ရက္ခဒီပ၊ လက်ပန်သာကျေးရွာများ၌ မြစ်ရေ မြင့်တက်လာမှုကြောင့် ယခုအခါ ရိုးများတွင် မြစ်ရေဝင်နေပြီဖြစ်သည်။

ငါန်းဇွန်မြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော မြို့နယ်ဖြစ်၍ ဝါဆို၊ ဝါခေါင် တော်သလင်းလများတွင် ပုံမှန်မြစ်ရေတက်လေ့ရှိကာ ယခုနှစ်တွင် ရေတက်နောက်ကျနေကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၄၊ ၂၀၁၆ ခုနှစ်က ငါန်းဇွန်မြို့နယ်၌စိုက်ပျိုး မြေဧကများစွာ ရေနစ်မြုပ်ခဲ့ပြီး ကျေးရွာအချို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

ဌေးမြင့်မောင်