ငါန်းဇွန် ၅ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် စီကောင်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းအတွင်း ဆောင်လုပ်လျက်ရှိသော ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ဩဂုတ် ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်နှင့် တာဝန်ရှိသူများအား အေးသုတကုမ္ပဏီမှ တာဝန်ခံ ဦးနိုင်လင်းက ကျောင်းဆောင်သစ် ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်မှာ တိုင်းဒေသကြီး ပညာရေးမှူးရုံး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက် ၃၂ ဒသမ ၃၀၁ ကျပ်သန်းဖြင့် အေးသုတကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျှက်ရှိသော (အလျား ပေ ၆၀၊ အနံ ပေ ၃၀)ရှိ တစ်ထပ်ကျောင်းဆောင် ဖြစ်သည်။
သက်နောင်ဦး(ငါန်းဇွန်)


