ငါန်းဇွန် ဩဂုတ် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရန်အတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့၊ အမှတ်(၂)ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေး၌ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ထွန်း၊ ခရိုင်ဦးစီးမှူး ဦးထွန်းတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးနေမင်းထိုက်၊ နတ်ရေကန်စခန်းတာဝန်ခံ ဒေါ်အေးအေးမော်၊ သရက်ကုန်းစခန်းတာဝန်ခံ ဦးထွန်းနောင်ဝင်း၊ ကူမဲစခန်းတာဝန်ခံ ဦးစေအောင်ကိုလတ်၊ ငါးမျိုးစိုက်ထည့်ကြီးကြပ်မှုကော်မတီဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ (၂)လက်မအရွယ် ငါးမြစ်ချင်းနှင့် ငါးခုံးမကြီး စုစုပေါင်း ငါးကောင်ရေ (၉)သိန်းကို ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။    

သက်နောင်ဦး(ငါန်းဇွန်)